Pages

Friday, July 5, 2013

မရွှေ့မပြောင်းနိုင်သော ပစ္စည်း

၁၉၇၃ ခုနှစ်၊ စကားရပ်များအနက် အဓိပါယ်ဖွင့်ဆိုရေး အက်ဥပဒေ ပုဒ်မ ၅-(က) အပိုဒ်(၂၀)အရ

မရွှေ့မပြောင်းနိုင်သော ပစ္စည်း ဆိုသော စကားရပ်တွင် မြေ၊ မြေမှဖြစ်ထွန်းလာသော အကျိုးခံစားခွင့်များ၊ မြေ၌စိုက်ထူထားသော အရာဝတ္တုများအပြင် ယင်းအရာဝတ္တုတို့တွင် အမြဲတပ်ဆင်ထားသည့် အရာဝတ္တုများလည်းပါဝင်သည်။
မှတ်ပုံတင်အက်ဥပဒေ ( The Registration Act) ပုဒ်မ-၂(၆)၌

မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် မြေကြီး၊ အဆောက်အဦးများ မိရိုးဖလာရရှိသော အခွင့်အရေးခံစားခွင့်၊လမ်းကြောင်းဖြတ်သန်းခွင့်
အလင်းရောင်၊ကူးတို့၊ငါးဖမ်းလုပ်ငန်း၊သို့မဟုတ် တခြားမြေမှရရှိသော အကျိုးအမြတ်နှင့်မြေကြီးကို စွဲကပ်သောအရာများ၊ သို့မဟုတ် မြေကြီးသို့စွဲကပ်သော တစ်စုံတစ်ရာကို အမြဲတမ်း အသေတွယ်ကပ်ထားသောအရာများပါဝင်သည်။သို့ရာတွင် ပင်ထောင်သစ်၊မရိတ်မသိမ်းသေးသည့် ကောက်ပဲသီးနှံများ၊ သို့မဟုတ် မြက်ပင်များမပါဝင်၊

မရွှေ့ပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ
(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁) အပိုဒ် -၂ (ဃ)
အရ

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုသည်မှာ မြေ၊ မြေမှ ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ဆောက်လုပ်ထားသော၊သို့မဟုတ်တည်ရှိသော အဆောက်အအုံနှင့် အရာဝတ္တုများ၊ ယင်းအဆောက်အအုံ၌ တပ်ဆင်ထားသော အရာဝတ္တုများကိုဆိုသည်။

REFERENCE --> မြန်မာ့ဗိသုကာ၊အိမ်ခြံမြေ အထူး

https://www.facebook.com/pages/Real-Estate-And-Software-Development-Agency/492623110809469

No comments:

Post a Comment