Pages

Thursday, May 1, 2014

တိုက်ခန်းရောင်းဝယ်ရာတွင် မူလမြေပိုင်ရှင်များ လက်မှတ်ထိုးခငွေကြေးများ တောင်းခံက တရားစွဲနိုင်





ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် ပြုလုပ်ရာတွင် စာချုပ်ချုပ်ဆိုရာ၌ မူလမြေပိုင်ရှင်မှ လက်မှတ်ထိုးခ အဖြစ် ငွေကြေး တောင်းခံလာပါက ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာ၌ မူလ မြေပိုင်ရှင်အား လက်မှတ်ထိုးခ အဖြစ် တိုက်ခန်း ရောင်းရငွေ၏ နှစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း အထိ ပေးနေရကြောင်း တိုက်ခန်း အရောင်း အ၀ယ် ပြုလုပ်နေသူများထံမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေး ကန်/တောင် ရပ်ကွက်နေ ဦးတင်လှက “တိုက်ခန်း ရောင်းေ တာ့ ၀ယ်တဲ့သူက စာချုပ်မှာ မြေရှင် လက်မှတ်ထိုးပေးမှ ၀ယ်မယ်လို့ ပြောတော့ မြေရှင်ကို လက်မှတ် သွားထိုးခိုင်းတာ မြေရှင်က တိုက်ခန်းရောင်းရငွေရဲ့ ငါးရာခိုင်နှုန်းပေးမှ ထိုးပေးမယ် မပေးရင် လက်မှတ်ထိုး မပေးဘူးဆိုလို့ ပေးလိုက်ရတယ်”ဟု Tomorrow ဂျာနယ်သို့ ပြောကြား ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က “၁၉၆၄ ခုနှစ် မြို့ပြဆိုင်ရာ ဥပဒေအရ တိုက်ခန်း အရောင်းအ၀ယ် လုပ်တာ။ နာမည်ပြောင်း လုပ်တဲ့အခါ မြေရှင် ကို ပေးရမယ် လို့ ပြဋ္ဌာန်း မထားဘူး။ ဥပဒေအရလည်း ခွင့်မပြုထားဘူး။ တောင်းဆိုလို့ မရဘူး။ တောင်းဆိုရင် ရဲစခန်းကို အမှုဖွင့် တိုင်ကြားလို့ ရတယ်။ ဒီလို ငွေတောင်းတယ်ဆိုတာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေပဲ။

လွှတ်တော်တွေ ကလည်း ဥပဒေတွေ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းပေးဖို့ လိုတယ်”ဟု Tomorrow ဂျာနယ်သို့ ပြောကြားသည်။

Tomorrow ဂျာနယ်

ကိုးကား။ http://www.ygnnews.com/2014/04/blog-post_4299.html