Pages

Friday, July 5, 2013

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိသူဧ။်အခွင့်အရေးများ

လယ်ယာမြေဥပဒေပုဒ်မ၉အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် အောက်ပါအခွင့်အရေးများအား ရရှိခံစားနိုင်မည်ဖြစ်ပါသည်-
(၁) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေလုပ်ပိုင်ခွင့်၊ ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ်ကိုခံစားပိုင်ခွင့်၊

(၂) လယ်ယာမြေကို အားလုံးဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ၊လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ပေါင်းနှံခွင့်၊ငှားရမ်းခွင့်၊လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်၊

(၃) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်းအငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံးဧ။်အဆုံးအဖြတ် ခံယူနိုင်ခွင့်၊

(၄) သတ်မှတ်သည့်စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊

(၅) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမ၀ါယမအသင်းဧ။် ရင်းနှီးမြှပ်နှံမှုနှင့်လည်းကောင်း၊ပုဂ္ဂလိကရင်းနှီးမြှပ်သူများနှင့်လည်းကောင်း အကျိုးတူလုပ်ကိုင်ခွင့်၊

(၆) လယ်ယာမြေတွင် နိုင်ငံခြားသား(သို့ ) နိုင်ငံခြားသားပါဝင်သောအဖွဲ့ အစည်းနှင့်ပူးပေါင်းရု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်၊
စသည့်အခွင့်အရေးများ ရရှိခံစားနိုင်မည်ဖြစ်သည်

REFERENCE --> 𝘢𝘣𝘣𝘵𝘨𝘦𝘯𝘦𝘳𝘢𝘭𝘴𝘦𝘳𝘷𝘪𝘤𝘦

https://www.facebook.com/pages/Real-Estate-And-Software-Development-Agency/492623110809469

No comments:

Post a Comment