အိမ်၊ ခြံ၊ မြေ ဂျာနယ်
ရန်ကုန်မြို့တော်အတွင်းရှိ အထပ်မြင့် တိုက်ခန်းများ၌ နိုင်ငံတကာသုံး အမှိုက်ပြွန်စနစ် ထည့်သွင်း တည်ဆောက်ရန် စတင်သတ်မှတ်လိုက်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်း ရရှိသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် အတွင်းရှိ လူနေတိုက်ခန်းများ၌ အမှိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်သည်ကို တွေ့ရသောကြောင့် အမှိုက် သိမ်းဆည်းရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း၊ သို့ဖြစ်၍ နိုင်ငံတကာ နည်းတူ တိုက်ခန်းများရှိ စွန့်ပစ်အမှိုက်များအား အမှိုက်ပြွန် မှတစ်ဆင့် အဆောက်အအုံ၏စု ပေါင်းအမှိုက်ကန်အတွင်းသို့ စွန့်ပစ်သည့်စနစ်အား ပြောင်းလဲကျင့်သုံးရန် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင
